လယ်ယာမြေကို
အိမ်ခြံမြေသဖွယ် စိတ်ပိုင်းရောင်းချခြင်း
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တစ်ခုတွင် မြို့သစ်စီမံကိန်းများသတင်းကြောင့် မြေကိုဝယ်ယူရင်းနှီးမြှုပ်နှံလိုသူများ များပြားနေသောအချိန်တစ်ခုတွင်
ဖြစ်ပွားခဲ့သော
အဖြစ်အပျက်တစ်ခု ဖြစ်ပါသည်။ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တစ်ခုတွင် မြို့သစ်စီမံကိန်းများသတင်းကြောင့် မြေကိုဝယ်ယူရင်းနှီးမြှုပ်နှံလိုသူများ များပြားနေသောအချိန်တစ်ခုတွင်
လယ်မြေကို ဘိုးဘပိုင်သဖွယ် ( 20' × 60' )ပေ မြေကွက်များ၊ ( 40' × 60' )ပေ မြေကွက်များအဖြစ် ဈေးနှုန်းသက်သက်သာသာဖြင့် စိတ်ပိုင်းရောင်းချပါသည်။
မြေအကြောင်း သေချာစွာမသိသေးသူများအနေနှင့် ဝယ်ယူနိုင်စေရန် ဆွဲဆောင်သောဈေးနှုန်းဖြင့် ( ဥပမာ- သိန်း ၂၀၊ ၃၀ စသည်ဖြင့် ) ရောင်းချသဖြင့် ဝယ်ယူမိသူများရှိခဲ့ပါသည်။
ရောင်းချသူမှာလည်း လယ်မြေကို ပြေစာမိတ္တူများဖြင့် ဝယ်ယူသူများကို ရောင်းချခြင်းဖြစ်ပါသည်။
လယ်မြေဆိုသည်မှာ သတ်မှတ်စပါးနှင့် အခြားသီးနှံစိုက်ပျိုးရန်မှလွဲပြီး အိမ်ဆောက်ခွင့်လုံးဝမရှိသော မြေအမျိုးအစားဖြစ်ပါသည်။
ဝယ်ယူမိသူများမှာ အိမ်ယာမြေကွက်အဖြစ် အသုံးမပြုရသဖြင့် နစ်နာဆုံးရှုံးမှုများစွာဖြစ်ကြရပါသည်။
ထို့ကြောင့် မိမိဝယ်ယူလိုသော မြေအမျိုးအစားအကြောင်းကို ကြိုတင်လေ့လာပြီးမှသာ ဝယ်သင့်/မဝယ်သင့် ဆုံးဖြတ်သင့်ပါသည်။
(သတင်းစာမှာ . . . တစ်ခါ ကြော်ငြာတွေ့လို့မေးဖူးပါတယ်။ လယ်မြေကို ( 25' × 50' )( 40' × 60' )ခွဲရောင်းတာ ဒီတစ်ခါပဲ မြင်ဖူးတယ်လို့ . . .
မေးတော့လည်း . . .ပိုင်ရှင်ကိုယ်တိုင်ရောင်းတာ . . . ခိုင်မာတယ်လို့တောင် . . .ဘုကျကျ ပြန်ဖြေသေးတယ်။
ဒီတော့ ရှင်းရှင်းပဲ ပြောလိုက်မယ် . . . လယ်မြေဆိုတာ ခြံတောင်ခတ်ခွင့်မရှိပါ . . . သက်သာတယ်ဆိုပြီး မဝယ်သင့်ပါကြောင်း . . . သတိပေးလိုက်ပါတယ်။)
အိမ်ခြံမြေ ဂျာနယ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
Aung Pyay အိမ်ခြံမြေ( ပြန်မေးတတ်အောင်လို့)
************************************
- ပုံစံ( ၁၀၅ )နဲ့ ပုံစံ ( ၇ )ကျပြီးသားလို့ပြောရင် . . . ဒါဆို လယ်စိုက်စရာ မလိုတော့ဘူးလားလို့ ပြန်မေးကြည့်ပါ။
-ပိုင်ရှင်ကိုယ်တိုင် ရောင်းတာ ခိုင်မာတယ်လို့ပြောရင် . . . ဒါဆို အခုရောင်းတဲ့ ပေ( 20' × 60' )ကို သက်ဆိုင်ရာမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်အရာရှိ ရှေ့မှောက်တွင် မှတ်ပုံတင်ပြီး Special Power လိုက်လွှဲပေးမလားလို့ ပြန်မေးပါ။ ခိုင်မာတယ်ဆိုတာကို အာမခံပေးထားတဲ့ အာဏာပိုင်အဖွဲ့အစည်းရဲ့ အကြီးအကဲ လက်မှတ်ကို လိုချင်ပါတယ်လို့ ပြန်မေးကြည့်ပါ။
-မြေစာရင်းကိုယ်တိုင် မြေတိုင်းပေးမှာလို့ပြောရင် . . . မြေစာရင်းမှာ မြေကွက်ချထားပေးပိုင်ခွင့် အာဏာရှိလားလို့ ပြန်မေးကြည့်ပါ။
-3B( ၃/ခ) လျှောက်ထားတယ်လို့ပြောရင် . . . ဘယ်အဆင့် ရောက်နေပြီလဲ . . . အဲဒီ သက်ဆိုင်ရာ အဆင့်ရဲ့ခွင့်ပြုချက်/ထောက်ခံချက်ကော ရပြီလားလို့ ပြန်မေးကြည့်ပါ။ ရပြီဆို မူရင်းပြပါ လို့ ပြောကြည့်ပါ။
-အုပ်ချုပ်ရေးမှူးကိုယ်တိုင် လက်မှတ်ထိုးပေးမှာလို့ပြောရင် . . . ဒါဆို အုပ်ချုပ်ရေးမှူးရုံးရဲ့ တံဆိပ်တုံးကောပါမှာလား။ တကယ်လို့ ရုံးတံဆိပ်တုံး မနှိပ်ပေးဘူးဆိုရင် နောင်တက်လာမယ့်အုပ်ချုပ်ရေးမှူးက ဘယ်တာဝန်ယူမလဲ။ လက်ရှိ အုပ်ချုပ်ရေးမှူးရဲ့ သက်တမ်းဟာ ( ၅ )နှစ်ဖြစ်သောကြောင့် အခုဝယ်တဲ့ အကွက်ကိုလည်း သူ့သက်တမ်းအတွင်း ( ၅ )နှစ်သာ အာမခံချက်ပေးမယ်ဆိုတဲ့ သဘောလားလို့ ပြန်မေးကြည့်ပါ။
မှတ်ချက်။ မည်သူတစ်စုံ တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိပါ။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
credit to
အိမ်ခြံမြေ ဂျာနယ် / Aung Pyay အိမ်ခြံမြေ
0 comments:
Post a Comment