
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးနယ်နမိတ်အတွင်း တရားမ၀င်ဆောက်လုပ်ထားသည့် အဆောက်အဦး ၂၀၀၀ နီးပါးခန့်ကို တရားစွဲဆိုထားပြီး အဆောက်အဦး ၆ လုံးကို ဖြိုဖျက်ရန်အမိန့်ထုတ်ထားကြောင်း၊ ခွင့်ပြုချက်မဲ့အဆောက်အအုံများကို အရေးယူရာ တွင် ကန်ထရိုက် ၉ ဦး၊ လိုင်စင်ရအင်ဂျင်နီယာအယောက် ၁၀၀ နီးပါးတို့ကို ရာသက်ပန်လိုင်စင်ပိတ်သိမ်းခဲ့ပြီး နာမည်ပျက်စာရင်းတင်သွင်းထားသည့်အပြင် ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း ၄င်းကပြောသည်။ ” ခွင့်ပြုချက်မဲ့အဆောက်အအုံတွေကို တရားစွဲဆိုထားပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ခွင့်ပြုချက်မဲ့အဆောက်အအုံ တစ်လုံးကို အပြီးအပိုင်ဖျက်ဆီးခဲ့ပါတယ်” ဟု ၄င်းကပြောသည်။
Credit to http://shwesathtagan.com/category/property-news
0 comments:
Post a Comment